အမရပူရမြို့နယ်၌ အုပ်ချုပ်ရေးမှူးအသစ်များ ပြန်လည်ရွေးချယ်ခန့်အပ်နိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့များအား အုပ်ချုပ်ရေးမှူးရွေးချယ်ခန့်ထားခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်

အမရပူရ ဇွန် ၁၉

အမရပူရမြို့နယ်၊ ဈေးချိုရပ်ကွက်၊ ဌာနဆိုင်ရာ စုပေါင်းရုံးဝန်းအတွင်းရှိ အမရပူရမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ခန့်အပ်နိုင်ရေးနှင့် ပတ်သက်၍ ကြီးကြပ်ရေးအဖွဲ့များအား အုပ်ချုပ်ရေးမှူး ရွေးချယ်ခန့်ထားခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်ခြင်းကို ဇွန် ၁၈ ရက်နေ့ နံနက် ၁၀ နာရီက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အမရပူရခရိုင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ကိုလင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အမရပူရမြို့နယ် မြို့နယ်ဥပဒေအရာရှိ ဒေါ်ခင်သီတာထွေးက ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားခြင်း အမရပူရမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ  ဦးစိုးညွန့်ဦးက ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အသစ်ပြန်လည်ရွေးချယ်ခြင်းလုပ်ငန်းစဉ် စည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်၍ ထပ်ဆင့် ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး သင်တန်းဖွင့်လှစ်ပို့ချရာတွင် မြို့နယ်ဥပဒေအရာရှိ ဒေါ်ခင်သီတာထွေးက အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲနှင့် ပတ်သက်၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ရှင်းလင်းပြောကြားခြင်း၊ အမရပူရမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ  ဦးစိုးညွန့်ဦးက သင်ခန်းစာများကို Power point ဖြင့် ထပ်ဆင့်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ကိုလင်း၊ ဒုတိယခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးဇော်၊ မြို့နယ်​စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးညွန့်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်ခင်သီတာထွေး၊ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးမှူးများ၊ အငယ်စားရေး(ရပ်/ကျေး)များ၊ ကြီးကြပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်(ပြန်/ဆက်)