မန္တလေး ဇွန် ၁၉
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ၊ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ ဖွဲ့စည်းတာဝန်ပေးအပ်မှုနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့သည်။
ယင်းအစည်းအဝေးတွင် ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမင်းစိုးနိုင်က အစိုးရသစ်လက်ထက်တွင် ရပ်ကွက်(၁၈)ရပ်ကွက်အတွင်း နည်းဥပဒေနှင့်အညီ တာဝန်ထမ်းဆောင်နိုင်သည့် ရပ်ကွက်/ကျေးရွာ အတွင်းရေးမှူးများ ပြန်လည်ဖြည့်တင်းနိုင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ရာ အစည်းအဝေးတက်ရောက်လာသူများက သိရှိလိုသည်များကို အသီးသီး မေးမြန်းပြောကြားခဲ့သည်။
အဆိုပါ အစည်းအဝေးကို ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းထွန်းကျော်နှင့် အတွင်းရေးမှူးများ စုစုပေါင်း ၄၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)