ပုလော ဇွန် ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ စာရေးဆရာ ခင်မောင်ညိုရေးသားသည့် လူငယ်နှင့်အကောင်းဆုံးဘဝကို တည်ဆောက်ခြင်း စာအုပ်စာဖတ်ဝိုင်းကို ဇွန်လ ၁၈ ရက်နေ့ မွန်းလွဲပိုင်းက ပုလောမြို့နယ် Community Centre တွင် ကျင်းပပြုလုပ်သည်။
စာဖတ်ဝိုင်းတွင် ပုလောမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်စန်းစန်းဝေက လူငယ်ဆိုတာ စူးစမ်းတတ်ရန် လိုကြောင်း၊ စူးစမ်းစိတ်နှင့် စပ်စုစိတ်ကို ကွဲပြားစွာ သိဖို့လိုအပ်ကြောင်း၊ စူးစမ်းတာက သုတေသနပြုလုပ်တာဖြစ်ကြောင်း၊ မိမိဘဝတိုးတက်ရာ တိုးတက်ကြောင်းကို ရှာဖွေရာဖြစ်ကြောင်း၊ စပ်စုတာက ရည်ရွယ်ချက်မရှိ၊ သုတေသနပြုလုပ်ခြင်းက သင့်မိသားစုအတွက် သာမက တစ်မ္ဘာ့လုံးကို အသုံးဝင်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့အဖွဲ့ဝင် ဒေါ်ဖူးပွင့်လှိုင်က အောင်မြင်မှုတွေက သင့်ကို စောင့်နေကြောင်း၊ ကမ္ဘာကြီးမှာ သင်လုပ်စရာ အများကြီးရှိကြောင်း၊ သင့်အတွက် အကောင်းဆုံးအချိန်တွေ ရှိနေတာကြောင့် ရိုးသားစွာကျင့်ကြံမှန်ကန်စွာ လုပ်ကိုင်သင့်ကြောင်း၊ အောင်မြင်မှုတွေတည်ဆောက်တဲ့အခါ ကောင်းမွန်တဲ့ အလေ့အထလိုကြောင်း၊ ကောင်းမွန်တဲ့ အလေ့အကျင့်ကို လုပ်ယူလို့ရနိုင်ကြောင်း ဆွေးနွေးခဲ့သည်။
ပုလော (ပြန်ဆက်)