ညောင်ဦးမြို့နယ် ဧရာဝတီမြစ်ရေမှတ် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာ ရောက်ရှိရန် ၃၅၅ စင်တီမီတာခန့်လို

ညောင်ဦး ဇွန် ၁၉

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇွန် ၁၉ ရက်နံနက် ၆ နာရီခွဲက တိုင်းထွာချက်အရ ဧရာဝတီမြစ် ရေမှတ်သည် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာသို့ရောက်ရှိရန် ၃၅၅ စင်တီမီတာခန့်လိုကြောင်းမိုး လေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ခံအရာရှိထံက သိရသည်။

ညောင်ဦးခရိုင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယမန်နေ့ ညနေ ၆ နာရီခွဲအချိန် တိုင်ထွာချက်အရ ဧရာဝတီမြစ်ရေသည်စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာအောက်သာရောက်ရှိနေသေးပြီး ၂၁၂၀ စင်တီမီတာရောက်ရှိရန် ၃၉၂ စင်တီမီတာလိုကြောင်း၊ ယနေ့နံနက် ဧရာဝတီ မြစ်ရေတိုင်းထွာချက်အရ၁၇၆၅ စင်တီမီတာရှိနေကာ တဖြည်းဖြည်းတက်လာနေကြောင်း ဧရာဝတီမြစ်ရေစိုးရိမ်ရေမှတ် ရောက်ရှိရန် ၃၅၅ စင်တီမီတာသို့ရောက်ရှိကာ တဖြည်းဖြည်းနီးလာနေကြောင်း၊ မြစ်ရေကြီးမှုအခြေအနေအား ညောင်ဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နေ့စဉ်မြစ်ရေကြီးမှု အခြေအနေအားမိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနှင့်ပူးပေါင်းကာ သတင်းထုတ်ပြန်ပေးလျက်ရှိကြောင်း ညောင်ဦးမြို့တွင် ဧရာဝတီမြစ် ရေတိုင်းတာခြင်းများအား တစ်ရက်သုံးကြိမ်တိုင်းတာကြောင်း၊စိုးရိမ်ရေမှတ် ရောက်ရှိရန်နီးကပ်လာပါက ဧရာဝတီမမြစ်ရေကြီးမှု သတိပေးချက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရုံး တာဝန်ရှိသူများထံက သိရသည်။

ဒီပါလင်း