ကျောင်းကုန်း ဇွန် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများအဖွဲ့သည် ဒေါင့်ကြီးတိုက်နယ်ဆေးရုံ၌ ဒေသခံပြည်သူများအား ယ မန်နေ့နံနက် ၉ နာရီခွဲအချိန်ခန့်က ကွင်းဆင်းကုသပေးခဲ့ကြသည်။
ကွင်းဆင်းဆေးကုသရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးနိုင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မြစန္ဒာညိုနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ လိုက်လံကြည့်ရှု၍ အားပေးခဲ့ပြီး၊ လာရောက်ပြသသည့် လူနာများအား မုန့်နှင့် ရေသန့်ဗူးများ လှူဒါန်းခဲ့ကြသည်။
အဆိုပါ ကွင်းဆင်းကုသမှုအစီအစဉ်တွင်အထွေထွေရောဂါအထူးကုလူနာ (၇၁) ဦး၊ ခွဲစိတ်လူနာ (၇) ဦး၊ သားဖွားမီးယပ်လူနာ (၂၄) ဦး၊ အရိုးနှင့်ထိခိုက်ဒဏ်ရာလူနာ (၅၀) ဦး၊ တယ်လီဗေးရှင်းဓါတ်မှန်ရိုက်ခြင်း (၂၅) ဦး၊ သွားနှင့်ခံတွင်းလူနာ(၆၃)ဦး၊ ကလေးလူနာ(၁၂)ဦး၊ စုစုပေါင်း လူနာ(၂၅၂)ဦးတို့အား ကျန်း မာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)