မြစ်သားမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းချိုသာစွာ ရောင်း‌ချ‌ပေး

မြစ်သား ဇွန် ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မြို့မအနောက်ရပ်ကွက်ရှိ စည်ပင်သာယာဈေး အဝင်ပေါက်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှလက်ထောက်ညွှန်ကြားရေးမှူး ဒေါညိုညိုဝင်းနှင့် တာဝန်ရှိသူများသည် စားသောက်ကုန်ပစ္စည်းများ ပြည်သူ့သက်သာ ဈေးရောင်းချခြင်းကို ဇွန် ရက် နံနက် ၇ နာရီက ရောင်းချပေးခဲ့ကြောင်း သိရသည်။

ပြည်သူ့အတွက် စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းချိုသာစွာရောင်း‌ချ‌ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ အခြေခံစားသောက်ကုန်ရောင်းချ သည့်လုပ်ငန်းရှင်များသည် ပြင်ပပေါက်ဈေးထက်ဈေး နှုန်းချိုသာစွာရောင်းချပေးရာ ဒေသခံပြည်သူများမှ လာရောက် ဝယ်ယူခဲ့ကြသည်။

  ထို့သို့ရောင်းချရာတွင် ဝက်သား ၁ ပိဿာ ၂၆၀၀၀ ကျပ်ဖြင့် ၃၀ ပိဿာအားလည်းကောင်း၊ အမဲသား ၁ ပိဿာ ၂၆၀၀၀ ကျပ်ဖြင့် ၁၀ ပိဿာအားလည်းကောင်း၊ ကြက်သား ၁ ပိဿာ ၁၈၀၀၀ ကျပ်ဖြင့် ၁၀ ပိဿာ အားလည်းကောင်း၊  ကြက်ဥ ၁ လုံး ၄၀၀ ကျပ်ဖြင့် ၁၅၀၀ လုံးအားလည်း ကောင်း၊ သုခရှယ်ဆန် ၁ ပြည် ၃၃၀၀ ကျပ်ဖြင့် (ဆန် ပြည်‌ပေါင်း ၄၈(ပြည်) အားလည်းကောင်း၊ စားအုန်းဆီ ၁ ပိဿာ ၈၇၀ ကျပ် ဖြင့် ပိဿာပေါင်း ၁၁၀ တို့အား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့သည်။

အဆိုပါဈေးရောင်းချရာသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ညိုညိုဝင်းနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဝါဝါမြင့် (မြစ်သား)