ကျောက်ဆည် ဇွန် ၁၉
တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အခြေခံအသိပညာများရရှိစေရန် ရည်ရွယ်၍ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကျောက်ဆည်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံတိုင်းရင်းဆေးပညာပေးသင်တန်းကို ယနေ့ နံနက်ပိုင်းက အခမဲ့ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
သင်တန်းတွင် ကျောက်ဆည်ခရိုင်တိုင်းရင်းဆေးမှူး ဦးဇော်လင်းထင်၊ ကျောက်ဆည်မြို့နယ် (၂၅) ခုတင်ဆံ့ တိုင်းရင်းဆေးရုံအုပ် ဒေါ်ကြည်ကြည်စိန်၊ ဒုတိယဆေးရုံအုပ် ဒေါ်လှိုင်လှိုင်သင်းနှင့် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဆွေဆွေမြင့်တို့က အခြေခံတိုင်ရင်းဆေးပညာရပ်များ၊ ဆေးဖက်ဝင်အပင်များ အသုံးပြုပုံ၊ ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်နည်းလမ်းများအား သင်းကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ ကျောက်ဆည်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ သင်တန်းသား၊သင်တန်း သူ ၇၂ ဦးတက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကာလမှာ ဇွန် ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ( ၃) ရက်ကြာ စာတွေ့လက်တွေ့သင်ကြားလျက်ရှိကြောင်း သိရသည်။
တင်တင်ထွေး