ကျောက်ဆည် ဇွန် ၁၉
၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် မြို့နယ်လမ်းဦးစီးဌာနမှ ကျောက်ဆည်-တံတားဦး မြို့ချင်းဆက်လမ်း ချောမွေ့စေရေး လိုအပ်သည့် လမ်းပိုင်းနေရာ၌ မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကတ္တရာထပ်ပိုးလွှာခင်းပေးသွားမည့် လမ်းပိုင်းသည် လမ်း၏ ၀ ကီလိုမီတာမှ ၀ ဒဿမ ၆ ကီလိုမီတာအတွင်း၊ လမ်းအရှည် ၀ ဒဿမ ၆ ကီလိုမီတာ၊ အကျယ် ၁၀ ဒဿမ ၉၇ မီတာဖြစ်ကြောင်း မြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးမှ ပြောပြသည်။
ကျောက်ဆည်-တံတားဦးမြို့ချင်းဆက်လမ်းသည် အမှတ်(၃) ခရိုင်ချင်းဆက်လမ်းနှင့် ဆက်သွယ်နေသည့်လမ်းဖြစ်ပြီး ပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် ကဏ္ဍများ အတွက် နေ့စဉ်အသုံးပြုနေရသည့် လမ်းတစ်လမ်းဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)