တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(ဒုတိယနေ့)  ကြယ်ပွင့်ပြမေးခွန်း (၇)ခုအား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်း

ထားဝယ်     ဇွန်  ၁၉

တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကို ယနေ့နံနက်  ၁၀ နာရီ က  ထားဝယ်မြို့ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် (၂၈) ဦး ရှိသည့်အနက် (၂၈)ဦး တက်ရောက်ခဲ့သဖြင့် (၁၀၀) ရာခိုင်နှုန်းရှိပြီး တက်ရောက်သည့် ကိုယ်စားလှယ်ဦးရေသည် အစည်းအဝေးအထမြောက်ရန် လိုအပ်သော ကိုယ်စားလှယ်ဦးရေ သုံးပုံတစ်ပုံထက်ကျော်လွန်သည့်အတွက် တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး (ဒုတိယနေ့) အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာသည်။

အစည်းအဝေး၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(ဒုတိယနေ့) တက်ရောက်မှုကို မှတ်တမ်းတင်ခြင်း၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြုထားသောကြယ်ပွင့်ပြမေးခွန်း (၇)ခုအား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင် များက ပြန်လည်ဖြေကြားသည်။

ထို့နောက် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ စိစစ်အကြံပြုရေးအဖွဲ့၊ အတွင်းရေးမှူးနေရာ အစားထိုးတာဝန်ပေးအပ်ခြင်း၊ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဥပဒေလေ့လာသုံးသပ်ရေးအဖွဲ့၊ အဖွဲ့ဝင်နှစ်နေရာကို အစားထိုးတာဝန်ပေးအပ်ခြင်းစသည့်ကိစ္စရပ်များကို ဆောင်ရွက်ခဲ့ကြပြီး တတိယအကြိမ်တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို နံနက် ၁၀ နာရီ ၅၄ မိနစ်တွင် ပြီးစီးသည်၊

ဆက်လက်၍ တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(တတိယနေ့) ကို ဇွန် ၂၂ ရက် နံနက် ၁၀နာရီတွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း  သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)