မြိတ် ဇွန် ၁၉
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့(အကြို) အသိပညာပေးဆွေးနွေးပွဲကို ဇွန်(၁၉)ရက် နံနက်ပိုင်းက မြိတ် ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပသည်။
ဆွေးနွေးပွဲတွင် အမှတ်(၃၅)မူးယစ်တပ်ဖွဲ့စု(မြိတ်)မှ တပ်ဖွဲ့စုမှူး ရဲမှူးခင်မောင်ဆွေမင်းက မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာများ၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဥပဒေအကြောင်းအရာများကို ကျောင်းသားကျောင်းသူများအား အသိပညာပေး ဆွေးနွေးပြောကြားကြသည်။
ထို့နောက် ကျောင်းသားကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားရှိသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်၊ စာစောင်များကို လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )