ပြည်ကြီးတံခွန် ဇွန် ၁၉
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် အမှတ်(၃၂)အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား/သူလေးများအား ယနေ့ နံနက် ၁၀ နာရီခွဲက မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်အား ပြသဆောင်ရွက်သည်။
အဆိုပါ အသိပညာပေး နံရံကပ်စာစောင်ပြသဆောင်ရွက်ရာတွင် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ သိရှိစေနိုင်ရန်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့် ရရှိနိုင်ရောဂါများကိုသိရှိစေနိုင်ရန်၊ မူးယစ်ဆေးဝါးကို မသုံးစွဲခြင်းဖြင့် အကျင့်စာရိတ္တ ကောင်းမွန်သည့် လူငယ်၊ လူရွယ်များဖြစ်လာစေရန်နှင့် ဗလငါးတန်နှင့် ပြည့်စုံသည့် ကျောင်းသား/သူများ ဖြစ်လာစေရန် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင် ပြသဆောင်ရွက်ရာ အမှတ်(၃၂)ကျောင်းသား/သူလေးများက စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)