မိတ္ထီလာ ဇွန် ၁၉
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉နာရီခွဲက ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြိုးဝေထွန်းက အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာ မြင့်မားအောင်က လူငယ်နှင့်အနာဂတ်ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလက်ထောက် ဦးစီးအရာရှိ ဒေါ်မာလာဆွေဝင်းက လူငယ်စကားဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထိုနောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အငယ်တန်းစာရေးဒေါ် အကြင်နာထွေးဦးဦးဆောင်၍ အထက(၂)မှ ကျောင်းသူကျောင်းသားငါးဦးက လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့် စာရိတ္တခေါင်းစဉ်များဖြင့် ပါဝင်ဆွေးနွေးကြရာ တက်ရောက်လာကြသည့် ကျောင်းသူကျောင်းသားများက ဖြည့်စွက်ပါဝင်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ချမ်းသာ