တံတားဦးမြို့နယ် သစ်တောဦးစီးဌာနမှ ပြည်သူလူထုအခြေပြု အသိပညာပေး ဟောပြော

တံတားဦး ဇွန် ၁၈

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦး(စဉ့်ကိုင်တွဲ)မြို့နယ် သစ်တောဦးစီးဌာနမှ  အစိုးရသစ်လက်ထက် ရက်(၁၀၀)စီမံချက်ဖြင့် ပြည်သူလူထုအခြေပြုအသိပညာပေးဟောပြောပွဲကို ဇွန် ၁၇ ရက် မွန်းလွဲ  ၁ နာရီက တံတားဦးမြို့နယ် ရေခါးကျေးရွာအုပ်စု ဥမှင်ကျေးရွာဓမ္မာရုံ၌ ဆောင်ရွက်ကြောင်း သိရသည်။

ဟောပြောပွဲတွင် တံတားဦး(စဉ့်ကိုင်တွဲ)မြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးကျော်ဇင်မြင့်ဦးက ရပ်ကွက်/ကျေးရွာများအတွင်း၊အပြင် စိမ်းလန်းသာယာလှပစေရေးအတွက် သစ်တောသစ်ပင်များစိုက်ပျိုးရန်၊ ဥတုရာသီ တောကိုမှီဆိုသကဲ့သို့ သစ်ပင်များ နှစ်စဉ်စိုက်ပျိုးသွားခြင်းဖြင့် ရရှိခံစားရမည့် အကျိုးကျေးဇူးများ၊ တစ်ပင်မှတစ်တော၊ တစ်တောမှတစ်တောင် တို့စွမ်းဆောင် စိုက်ပျိုးပါက လက်ရှိနှင့် အနာဂတ်ရရှိနိုင်သည့် ခံစားမှုများ၊ သစ်တောသစ်ပင်များမှ အကျိုးပြုသည့် အကြောင်းအရာများကိုလည်းကောင်၊ တောအုပ် ဦးညွန့်ဝင်းက မိုးရာသီသစ်ပင်စိုက်ပျိုးရေးလုပ်ငန်းများကို ပြည်သူများက ပူးပေါင်းပါဝင်ဆောင်ရွက်ရေး၊  သစ်တောဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာဟောပြောပွဲတွင် ရှင်းလင်းပြောကြားသည်။

ဟောပြောပွဲသို့ တက်ရောက်လာသူများက မိမိတို့ သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ မြို့နယ်သစ်တောဦးစီးဌာနမှူးမှ ပြန်လည်ရှင်းလင်း ဖြေကြားကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)