ပြင်ဦးလွင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေး

ပြင်ဦးလွင် ဇွန် ၁၉

လူငယ်ကဏ္ဍကိုမြှင့်တင်စေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့‌ နံနက်၉နာရီခွဲက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် ဆင်လမ်းအခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။

ဦးစွာ   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်လွန်းနန်းထွေးက  ဟောပြောပွဲ ကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍  မြို့နယ်တိုင်းရင်းဆေးကုဌာနမှ လက်ထောက်ဦးစီးမှူး ဒေါ်သူဇာ၀င်းက ကျောင်းကျန်းမာရေးနှင့်ပတ်သက်၍ ဆွေးနွေးဟောပြောသည်။ ထို့နောက် ကျောင်းသား/ ကျောင်းသူငါးဦးက သိရှိလိုသည်များမေးမြန်းခဲ့ရာ တာဝန်ရှိသူများက မေးမြန်းချက်များအား ပြန်လည်ဖြေကြားသည်။

ဆက်လက်ပြီး မေးမြန်းခဲ့သော  ကျောင်းသား/ကျောင်းသူများအား တာ၀န်ရှိသူများက လက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့ပြီ ကျောင်းသား/ကျောင်းသူများအား အသိပညာပေးနံရံကပ်စာစောင်များ၊ သုတ၊ ရသစာအုပ်များ ခင်းကျင်းပြသ‌ပေးသည်။ အဆိုပါ  ဟောပြောပွဲသို့  ကျောင်းသား/ကျောင်းသူ ၂၅၀ တက်ရောက်ခဲ့သည်။

သွေးသွေး (ခရိုင် ပြန်/ဆက်)