အမရပူရ ဇွန် ၁၉
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ဂျိုရွာကျေးရွာ ဂျိုရွာစိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း၏ အသင်းသားတောင်သူ ဦးဇော်မျိုးထွန်း၏ နွေစပါးစံပြကွက် (၁၀)ဧကအား ရိတ်သိမ်းခြွေလှေ့စက်ဖြင့်ရိတ်သိမ်းခဲ့ပြီး တစ်ဧကလျှင် စပါးအစိုတင်း ၁၃၀ ထွက်ရှိကြောင်း သိရသည်။
စံကွက်ရိတ်သိမ်းမှုကို မြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ အသင်းစုအမှုဆောင်များက ဇွန် ၁၉ ရက် နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။ သမဝါယမကဏ္ဍမှ စီမံကိန်းသီးနှံများ စိုက်ပျိုးထုတ်လုပ်မှု၊ ရောင်းဝယ်မှု၊ ကြိတ်ခွဲဖြန့်ဖြူးမှု လုပ်ငန်းစဥ်များအထိ အသင်းမှလိုအပ်သော ငွေကြေးအရင်းအနှီးနှင့် ဈေးကွက်ပိုမိုရရှိရေးတို့ကို ကူညီဆောင်ရွက်ပေးခြင်းအားဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ပြီး ကျေးလက်နေပြည်သူတို့၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)