ပျော်ဘွယ် ဇွန် ၁၉
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်နှင့်အထူးကုဆရာဝန်များမှ ပျော်ဘွယ်မြို့နယ်အတွင်းရှိ ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် လိုအပ်နေသော ပြည်သူများအား အခမဲ့ကွင်းဆင်းဆေးကုသပေးခြင်းကို ဇွန် ၁၉ ရက် နံနက် ၈ နာရီက ရွှေညောင်ဖူးတိုက်နယ်ဆေးရုံတွင် ပြုလုပ်သည်။
ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ရာတွင် ရောဂါဖြစ်ပွားမှုစာရင်းကောက်ယူခြင်း၊ ရောဂါစစ်ဆေးရှာဖွေပေးခြင်း၊ တစ်ဦးချင်းစီအလိုက် ရောဂါဖြစ်ပွားမှုအပေါ်မူတည်၍ လိုအပ်သောအကြံဉာဏ်များပေးပြီးကုသပေးခြင်း၊ ဆေးဝါးများပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်မြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မြင့်ထွေးနှင့်တာဝန်ရှိသူများက လူနာများကို တွေ့ဆုံအားပေးကြသည်။
ကျန်းမာရေးဆိုင်ရာများ ကွင်းဆင်းကူသပေးရာတွင် ရွှေညောင်ဖူးကျေးရွာနှင့် အနီးဝန်းကျင်ရှိ ကျေးရွာပေါင်း ၁၆ ရွာမှ ပြည်သူပေါင်း ၇၈၀ ခန့်ကို အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ပြီး ခရိုင်ပြည်သူ့ဆေးရုံအနေဖြင့် ကျေးရွာများသို့အခမဲ့ကွင်းဆင်းကုသမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)