ကလိန်အောင် ဇွန် ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့အတွင်းရှိ လူငယ်လူရွယ် ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေ ရရှိရန်ရည်ရွယ်၍ ဒေသနှင့်ကိုက်ညီသော အသက်မွေး ဝမ်းကျောင်းအိမ်တွင်းမှုလုပ်ငန်းပညာရပ်တစ်ခုဖြစ်သည့် အလှပန်းကြယ်သီးထိုးနည်းသင်တန်းကို ဇွန်လ ၁၈ ရက်နေ့နံနက် ၁၀ နာရီက ကလိန်အောင်မြို့၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဖွင့်လှစ်သင်ကြားခဲ့သည်။
ရှေးဦးစွာ သင်တန်းတွင် ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်ခင်ခင်လဲ့က အဆိုပါသင်တန်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက် (Book Club)အဖွဲ့ဝင် သင်တန်းနည်းပြဆရာမ ဒေါ်ခင်သက်ဦးက သင်တန်းသူများအား အိမ်တွင်းမှုလုပ်ငန်းပညာရပ်တစ်ခုဖြစ်သည့်အလှပန်းကြယ်သီးထိုးနည်းပြုလုပ်မှုအဆင့်ဆင့်နှင့် အသုံးပြုနည်းများကို လက်တွေ့သင်ကြားပေးခဲ့ရာ သင်တန်းသူများကလည်း စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာ၍ လက်တွေ့ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ကလိန်အောင်(ပြန်/ဆက်)