မြင်းခြံမြို့၌ ၂၀၂၆-၂၀၂၇ ခုနှစ် မိုးနှောင်းချည်မျှင်ရှည်ဝါပန်းတိုင် အထွက်နှုန်းထွက်ရှိရေး စံပြကွက်စိုက်ပျိုးမည့် တောင်သူများအား ဝါမျိုးစေ့ (B.31) ပေးအပ်

မြင်းခြံ ဇွန် ၁၉

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ၂၀၂၆-၂၀၂၇ ခုနှစ် မိုးနှောင်းချည်မျှင်ရှည်ဝါပန်းတိုင် အထွက်နှုန်း ထွက်ရှိရေး စံပြကွက်စိုက်ပျိုးမည့် တောင်သူများအား ဝါမျိုးစေ့ (B.31) ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းထွန်းက အမှာစကားပြောကြားသည်။ ထို့နောက် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး ဒေါ်နီနီဝင်းက မိုးနှောင်းချည်မျှင်ရှည်ဝါ အထွက်နှုန်းတိုးတက်ရေးအတွက် လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဝါစိုက်တောင်သူများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွဋ်၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး ဒေါ်နီနီဝင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးချစ်ကိုကိုတို့က ဝါ မျိုးစေ့ (B.31)များကို ထောက်ပံ့ပေးအပ်ရာ တောင်သူများက လက်ခံရယူခဲ့ကြသည်။

ထို့နောက် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူးက မိုးနှောင်းချည်မျှင်ရှည်ဝါ အထွက်နှုန်းတိုးတက်ရေး ပညာပေးဆွေးနွေးပွဲကို ကျင်းပရာ တောင်သူ ၂၆ ဦးနှင့် ဝန်ထမ်း ၃၀  တက်ရောက်ခဲ့ကြောင်း သိရသည်။

ချစ်ဦးနွေ(မြင်းခြံ)