ပျော်ဘွယ်မြို့နယ်၌ လမင်းစီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များထုတ်ပေး

ပျော်ဘွယ် ဇွန် ၁၉

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံးမှ လမင်းစီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ပြုလုပ်ပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံသားကတ်ရရှိသူများနှင့် UID ကတ် ရရှိသူများအား ထုတ်ပေးခြင်းကို ဇွန် ၁၉ ရက်၊ နံနက် နာရီခွဲက အမှတ်(၁)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် ကျင်းပသည်။

ရှေးဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မိုးလွင်က စီမံချက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများအတွက် နိုင်ငံသားစိစစ်ရေးကတ်ရရှိရေး အတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ပျောက်ဆုံးပျက်စီးမှုမရှိစေရန် ဂရုပြုရေးတို့ကို ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ရမည်းသင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်မြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မြင့်ထွေးနှင့် တာဝန်ရှိသူများက အသက် ၁၀ နှစ်နှင့်အထက် ကျောင်သား၊ ကျောင်းသူ စုစုပေါင်း ၁၃၅ ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် UID ကတ်များကို တစ်ပါတည်း ပေးအပ်ခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)