ဘုတ်ပြင်း ဇွန် ၁၉
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ် ရပ်ကွက်/ကျေးရွာအတွင်းရှိ လူငယ်မောင်မယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးကျန်းမာသန်စွမ်းတဲ့ အနာဂတ်မျိုးဆက်သစ်များ ပေါ်ထွက်လာစေရန်၊ မြို့နယ်ပိုက်ကျော်ခြင်းအားကစား အဆင့်အတန်း မြင့်မားစေရေးအတွက် အထောက်အကူပြုစေရန်နှင့် မြို့နယ်ဂုဏ်၊ နိုင်ငံဂုဏ်ဆောင်ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အသက်(၂၅)နှစ်အောက်ဖိတ်ခေါ် အမျိုးသား(၃)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေနံနက်က မြို့နယ်အားကစားခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် ဘုတ်ပြင်းမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ မြိုနယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီက အမှာစကားပြောကြားသည်။ ယင်းနောက် စစ်ကြောင်းမှူးက ဦးဆောင်၍ ပြိုင်ပွဲဝင်းအသင်းများ တန်းအပ်ခြင်း၊ အလေးပြုခြင်းနှင့် အားကစားသစ္စာအဓိဋ္ဌာန်ကို စုပေါင်းရွတ်ဆိုကြပြီး ပြိုင်ပွဲကို စတင်ယှဉ်ပြိုင်ကစားသည်။
ထိုနောက် အုပ်စုအဖွင့်ပွဲစဉ်အဖြစ် အောက်လိပ်ကျေးရွာအသင်းနှင့် ဘုတ်ပြင်းကလပ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဘုတ်ပြင်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာများမှ အားကစားဝါသနာရှင်များ၊ ပြိုင်ပွဲအားကစားသမားများက ကြည့်ရှုအားပေးသည်။ပြိုင်ပွဲကို ရပ်ကွက်/ကျေးရွာများမှ ပြိုင်ပွဲဝင်အသင်း(၁၃)သင်းဖြင့် အုပ်စု(၄)စု ခွဲက ဇွန် ၁၉ ရက်မှ ၂၂ ရက်အထိ ကျင်းပသွားမည်ကြောင်းသိရသည်။
မြို့နယ်( ပြန်/ဆက်)