တောင်သာ ဇွန် ၂၀
တောင်သာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်ကွင်းဆင်း၍ ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲ ပြသဆောင်ရွက်မှုအား ယမန်နေ့နံနက် (၉) နာရီအချိန်က အနောက်ရပ် (အ.လ.က) ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးရဲဝင်းအောင်က ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေရန်၊ ကျောင်းစာကိုလည်း ကြိုးစားသင်ယူလေ့လာကြရန်လိုကြောင်းနှင့် ကျောင်းသား/ကျောင်းသူများ ပညာရည်ပြည့်ဝနေမှသာ အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်ပြီး မိမိဘဝတိုးတက်မြင့်မားလာနိုင်မှာ ဖြစ်ပါကြောင်း၊ အလိမ္မာစာမှာရှိဆိုသည့်အတိုင်း ကိုယ်အမူအယာယဉ်ကျေးမှု၊ နှုတ်အမူအယာ ယဉ်ကျေးမှု၊ စိတ်သဘောထားနုညံ့သိမ်မွေ့မှု၊ စာမဖတ်ပါက အသိဉာဏ်ကန်းပါမယ်၊ အသိဉာဏ်ကန်းပါက လိမ္မာယဉ်ကျေးမှုပပျောက်ပါမယ်၊ လိမ္မာယဉ်ကျေးမှု ပပျောက်ပါက ရိုင်းစိုင်းပါမယ်၊ ရိုင်းစိုင်းပါက နိုင်ငံမအေးချမ်းနိုင်ပါ စတဲ့အကြောင်းအရာများအား ဟောပြောခဲ့ကြကြောင်း သိရသည်။
ထို့နောက် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်အား ပြသထားရာ အနောက်ရပ် (အ.လ.က) ကျောင်းမှ ကျောင်းသား/ကျောင်းသူ ၈၀ ဦး ကြည့်ရှုခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင် (တောင်သာ)