အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအသိပညာပေး ဟောပြောပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပ

အင်တော ဇွန် ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာကျောင်းတို့ ပူးပေါင်း၍ ၂၀၂၆ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် (၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယနေ့နံနက် ၉နာရီက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အင်တောမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်လှလှထွေးက မူးယစ်ဆေးဝါးအမျိုးအစားနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ကျန်းမာရေး၊ လူမှုရေး၊ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများအကြောင်းကို အသိပညာပေးဟောပြောသည်။ ထို့နောက် ဉာဏ်စမ်းငဟေဠိပြိုင်ပွဲကိုကျင်းပရာ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူ (၂၀)ဦး ဝင်ရောက်ဖြေဆိုကြပြီး ဆုရရှိသည့် ကျောင်းသား ကျောင်းသူများကို ဆုဒိုင်းနှင့်ဂုဏ်ပြုလွှာများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

ပြိုင်ပွဲများအပြီးတွင် အင်တောမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာအသိပညာပေးနံရံကပ်စာစောင်များ၊ ဓာတ်ပုံများကို ကျောင်းသား ကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှုကြကြောင်း သိရသည်။

အင်တော(ပြန်/ဆက်)