မြိတ် ဇွန် ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းတွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း တက်ရောက်နေကြသည့် သင်တန်းသူအမျိုးသမီးငယ်များအား အသိပညာ ဗဟုသုတများ တိုးပွားစေရန်အတွက် ယမန်နေ့က သက်ဆိုင်ရာဌာနများက ကဏ္ဍအလိုက် အသိပညာပေး ဆွေးနွေးဟောပြောကြသည်။
ဟောပြောရာတွင် လူကုန်ကူးမှုအန္တရာယ်နှင့် တားဆီးကာကွယ်ရေးအကြောင်းအရာများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ယာဉ်အန္တရာယ် လမ်းအန္တရာယ် အကြောင်းအရာများ၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် တားဆီးကာကွယ်ရေးအကြောင်းအရာများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်နှင့် မူးယစ်အန္တရာယ်လူ့ရန်စွယ် အကြောင်းအရာများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူငယ်များ၏ အခန်းကဏ္ဍ၊ မီးခိုးမြူငွေ့အန္တရာယ် စုပေါင်းကာကွယ် အကြောင်းအရာများ၊ သဘာဝဘေးအန္တရာယ်များနှင့် ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများက ကဏ္ဍအလိုက် အသိပညာပေး ဆွေးနွေးဟောပြောကြသည်။
ထို့အတူ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေဇင်ဦးက social mediaကို အကျိုးရှိရှိ အသုံးချကြရန်နှင့် social media ၏ ကောင်းကျိုးဆိုးကျိုးများ အကြောင်းအရာများကို အသိပညာပေး ဟောပြောပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ အသိပညာပေး နံရံကပ် စာစောင်များ ပြသပေးရာ သင်တန်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)