မြစ်သား ဇွန် ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် Grade-4 မှ Grade-5 အထိ လူမှုရေးဘာသာရပ်၊ Grade-6 မှ Grade–8 အထိ သမိုင်းဘာရပ်များ placement test (အထူးအစီအစဉ်) စာမေးပွဲကို ဇွန် ၁၉ ရက်နံနက် ၉ နာရီအချိန်၌ ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မြစ်သားမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများက အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေး မြူရေးအထက်တန်းကျောင်း၌ Grade-4 မှ Grade-5 ထိ လူမှုရေးဘာသာရပ်၊ Grade-6 မှ Grade – 8 အထိ သမိုင်းဘာသာရပ်များတွင် စာရင်းရှိ ကျောင်းသား ၈၃ ဦး၊ ကျောင်းသူ ၉၅ ဦး ၊ စုစုပေါင်း ၁၇၈ ဦးရှိရာ စာမေးပွဲဖြေဆိုသူ ကျောင်းသား ၈၂ ဦး၊ ကျောင်းသူ ၉၃ ဦး၊ စုစုပေါင်း ၁၇၅ ဦးဖြေဆိုကြ၍ ကျောင်းသား ၁ ဦး၊ ကျောင်းသူ ၂ ဦး စုစုပေါင်း ၃ ဦး ဖြေဆိုရန်ပျက်ကွက်သည့် အတွက် ရာခိုင်နှုန်း ၉၈ ဒသမ ၃၁ ရာခိုင်နှုန်းဖြေဆိုခဲ့ကြောင်း သိရသည်။
စာမေးပွဲများဖြေဆိုနေမှုကို မြို့နယ်ပညာရေးမှူးရုံးမှ မြို့နယ်ပညာရေးမှူး ဒေါ်သင်းသီရိ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများက အနီးကပ်ကြီးကြပ်၍ ဆရာ၊ ဆရာမနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ဝါဝါမြင့်(မြစ်သား)