ကျောက်ဆည်မြို့၌ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေး ရှင်းလင်းဆွေးနွေး

ကျောက်ဆည် ဇွန် ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ မြို့တော်ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှင်းလင်းဆွေးနွေးပွဲ၌ ကျောက်ဆည်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော်၊ အတွင်းရေးမှူး ရဲမှူးကျော်စိုးမိုးနှင့်အဖွဲ့ဝင်များဖြစ်သည့် မြို့နယ်စီမံကိန်း ဦးစီးမှူး ဒေါ်မိုးခိုင်၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်ဇင်မာခိုင်၊ မြို့နယ်လဝကမှူး ဦးအောင်ထားရွှေ၊ ဦးမျိုးမြင့်အောင်တို့က ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးရာ ပဒေဆိုင်ရာအကြောင်းများအား အကျယ်တဝင့် ရှင်းလင်းဆွေးခဲ့ကြောင်းနှင့် ဆွေးနွေးပွဲသို့ ကျောက်ဆည်မြို့နယ်အတွင်းရှိ ရပ်မိရပ်ဖများနှင့် စာရေးဝန်ထမ်းများ၊ စုစုပေါင်းအင်အား ၅၈၀ ဦးခန့် တက်ရောက်ခဲ့ကြောာင်း သိရသည်။

သက်မောင်(ကျောက်ဆည်)