တောင်သာမြို့နယ်၌ မှိုစိုက်ပျိုးထုတ်လုပ်မှုအခြေခံသင်တန်း ပို့ချလျက်ရှိ

တောင်သာ ဇွန် ၂၁

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၌ ‌စိုက်ပျိုးရေးဦးစီးဌာနမှ မှိုစိုက်ပျိုးထုတ်လုပ်မှုအခြေခံသင်တန်းကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် သင်တန်းပို့ချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ မှိုစိုက်ပျိုးထုတ်လုပ်မှုအခြေခံသင်တန်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟန်သူရက အဖွင့်အမှာစကားပြောကြားခြင်းနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွဋ်နိုင်က အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဦးထွန်းအောင်ကျော်မှ မှိုစိုက်ပျိုးထုတ်လုပ်မှု အခြေခံအကြောင်းအရာများ၊ သိုလှောင်သိမ်းဆည်းထားသိုနည်းများ၊ အစိုအခြေအနေနှင့် အခြောက်အခြေအနေများအကြောင်းနှင့် စားသုံးနည်းအမျိုးမျိုးနှင့် အကျိုးကျေးဇူးများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

မှိုစိုက်ပျိုးထုတ်လုပ်မှုအခြေခံသင်တန်းသို့ မြို့နယ်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးဟန်သူရနှင့် အဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စိတ်ပါဝင်စားသူများက ငွေနှင်းမှိုစိုက်ပျိုးနည်းအကြောင်းများကို သိရှိလိုသူများကမေးမြန်းရာ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးထွန်းအောင်ကျော်မှ လက်တွေ့သရုပ်ပြ ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

ကျော်မျိုးနိုင် (တောင်သာ)