မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြစ်ကြီးနားမြို့ အားဆာကျေးရွာသွား ကားလမ်းဘေးတွင် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မြစ်ကြီးနား ဇွန် ၂၁

၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကချင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့က ဦးဆောင်၍ မြစ်ကြီးနားမြို့ ရွှေပြည်သာရပ်ကွက်အတွင်း အားဆာကျေးရွာသွား ကားလမ်းဘေးတွင် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူတို့က သစ်ပင်စိုက်ပျိုးပွဲတော်တွင် သစ်ပင်စိုက်ပျိုးပေးကြမည့် ခရိုင်/ မြို့နယ်/ ရပ်ကွက်/ ကျေးရွာ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များထံ ပျိုးပင်များအား ဖြန့်ဝေပေးအပ်ခဲ့ကြသည်။

ထို့နောက် သတ်မှတ်နေရာအသီးသီး၌ နာယကအဖွဲ့ဝင်များ၊ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ခရိုင်/ မြို့နယ်/ ရပ်ကွက်/ ကျေးရွာ အမျိုးသမီး‌ရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက သစ်အယ်၊ ရေပိတောက်၊ စိန်ပန်း၊ ပျဉ်းကတိုး၊ စိန်ပန်း စသည့် အရိပ်ရနှစ်ရှည်ပင်များအား တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးပေးကြပြီး နာယကအဖွဲ့ဝင်များနှင့် ဥက္ကဋ္ဌတို့က သစ်ပင်စိုက်ပျိုးပေးကြသူများအား မုန့်နှင့် ရေသန့်ဘူးများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)