မဟာအောင်မြေမြို့နယ်၌ Placement Test အထူးအစီအစဉ်ဖြေဆိုပြီးစီး

မဟာအောင်မြေ ဇွန် ၂၁

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ အကြောင်းအမျိုးမျိုးကြောင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ ကျောင်းပြင်ပသို့ရောက်ရှိခဲ့သည့် ကျောင်းနေအရွယ်ကလေးများအား ကျောင်းသို့ပြန်လည်ရောက်ရှိရေးအတွက် Placement Test အထူးအစီအစဉ်ဖြင့် အရည်အချင်း စစ်ဆေးခြင်းကို မဟာအောင်မြေမြို့နယ်တွင် အ.ထ.က(၁၃)ကျောင်းတွင် ဇွန် ၁၅ ရက်မှ စတင်၍ဆောင်ရွက်ပေးခဲ့ရာ ယနေ့ ဇွန်လ ၂၀ ရက်နေ့တွင် ‌ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုပြီးခဲ့ကြောင်း သိရသည်။

ထိုသို့ Placement Test အထူးအစီအစဉ်ဖြင့် အရည်အချင်း စစ်ဆေးမှုတွင်ဖြေဆိုရန် စာရင်းပေးသွင်းသူ ၃၆၇ ဦးရှိပြီး Grade-1 တွင် ၁၈ ဦး၊ Grade -2 တွင် ၄၀ ဦး၊ Grade 3 တွင် ၆၄ ဦးအား ဇွန်လ ၁၆ ရက်နေ့တွင်လည်ကောင်း၊ Grade-4 တွင် ၆၆ ဦး၊ Grade-5 တွင် ၆၄ ဦးကို ဇွန်ခ ၁၉ ဂက်နေ့တွင်လည်းကောင်း အသီးသီးဖြေဆိုပြီးစီး၍ Grade-6 တွင် ၃၇ ဦး၊ Grade-7 တွင် ၄၁ ဦးနှင့် Grade-8 တွင် ၁၇ ဦးအား ဇွန်လ၂၀ ရက်နေ့တွင် အောင်မြင်စွာဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း