သာစည်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အထက်တန်းနှင့်အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများကျင်းပ

သာစည် ဇွန် ၂၁

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အထက်တန်းနှင့်အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများကို ယမန်နေ့က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

ပြိုင်ပွဲ၌ အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကို သာစည်မြို့အမှတ် (၁) နှင့်အမှတ် (၂) အထကတို့မှ ကျောင်း/သူ ၂၀ ဦးတို့က “အနာဂတ်ပန်းများပွင့်လန်းဖို့ မူးယစ်အန္တရာယ်ကာကွယ်စို့” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အလယ်တန်းအထက်ဆင့်နှင့် အလယ်တန်းအောက်ဆင့်တို့တွင့် အထက(၁)နှင့် (၂)မှ ကျောင်းသား/သူများနှင့် သာစည်မြို့အမှတ်(၂) ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) မီးရထားမှ ကျောင်းသား/သူများ စုစုပေါင်း ကျောင်းသား/သူ ၄၄ တို့က ဝင်ရောက်ယှဉ်ပြိုင်ကြပြီး အထက်ဆင့်တွင် “မူးယစ်အန္တရာယ် အသွယ်သွယ် အန္တရာယ်ဟူသမျှ ရှောင်ရှားကြ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အောက်ဆင့်တွင် “ဉာဏ်ရည်လည်းရှုံး လူညွန့်တုံး စည်းလုံးတိုက်ပြစ်တို့မူးယစ်” ခေါင်းစဉ်ဖြင့်လည်းကောင်း ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်ကော်မတီဝင်များက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲများမှ ဆုရရှိသူများကို ဇွန် ၂၆ ရက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်း(သာစည်)