လောင်းလုံးမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် ပန်းတိုင်အထွက်နှုန်းရရှိရေးဆောင်ရွက်မည့် အကျိုးဆောင်တောင်သူများအား ဆင်းသုခမျိုးစပါးနှင့် လက်ဆွဲမျိုးစေ့ချကိရိယာများ ပေးအပ်ပွဲ ကျင်းပ

လောင်းလုံး ဇွန် ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊စိုက်ပျိုးရေးဦးစီးဌာနမှ ‎ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ရက် (၁၀၀) စီမံချက်ဖြင့် ပန်းတိုင်အထွက်နှုန်းရရှိရေစပါးမျိုးများနှင့် လက်ဆွဲမျိုးစေ့ချကိရိယာ (Seeder) များ ပေးအပ်ပွဲအခမ်းအနားကို ထားဝယ်ခရိုင်စိုက်ပျိုးရေးဦးစီးမှူးရုံး၌ ကျင်းပခဲ့ရာ ထားဝယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းညွန့်နှင့် တာဝန်ရှိသူများတို့က တက်ရောက်ကြည့်ရှု၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် လောင်းလုံးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဟိန်းထက်ပိုင်က မျိုးစေ့ချကိရိယာအသုံးပြု၍ စိုက်ပျိုးခြင်းဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများ၊ မျိုးကောင်းမျိုးသန့်ပြောင်းလဲသုံးစွဲခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများအား ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာကြသည့်တောင်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ပြီး  တောင်သူများအား မျိုးစေ့နှင့် လက်ဆွဲမျိုးစေ့ချကိရိယာများပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ ထားဝယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းညွှန့်၊ လောင်းလုံးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ထိုက်နှင့် ဌာနဆိုင်ရာများ၊ တောင်သူများ စုစုပေါင်း (၁၃၇) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သိန်းသိန်း(လောင်းလုံး)