ပြည်ကြီးတံခွန် ဇွန် ၂၂
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် မီးလောင်မီးလန့်မှုများ မဖြစ်ပွားမပေါ်ပေါက်စေရေးအတွက် ယမန်နေ့ နံနက်ပိုင်းက စတင်၍ မြို့နယ်မီးသတ် ဦးစီးမှူး ဦးကျော်ကျော်ဦး ဦးဆောင်၍ သန္ဓေတပ်ဖွဲ့၀င် (၅)ဦး နှင့် စက်မှုဇုန်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံ၊ သိုလှောင်ရုံများအား မီးဘေးလုံခြုံရေးစစ်ဆေးခဲ့သည်။
အဆိုပါ မီးဘေးလုံခြုံရေး စစ်ဆေးရာတွင် စက်ရုံအတွင်း တပ်ဆင်ထားသော မီးဘေးကြိုတင်ကာကွယ်ရေး ပစ္စည်းများအား လိုက်လံကြည့်ရှုစစ်ဆေးခြင်း၊ 191 report application ထည့်သွင်းပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ဇင်မင်းမောင် (ပြန်/ဆက်)