ကော့သောင်းမြို့၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း  ဆောင်ရွက်

ကော့သောင်း ဇွန် ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာ လာရောက်ထုတ်ယူကြသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကော့သောင်းမြို့ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီးဒေါက်တာလင်းထိုက်နှင့် အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဌာနမှ ဆရာ၊ဆရာမများက လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် သမားတော်၊မျက်စိအထူးကုနှင့် သွားအထူးကုဆရာဝန်များနှင့် ဆရာ၊ဆရာမများက ပင်စင်လစာ လာရောက်ထုတ်ယူကြသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အထွေထွေရောဂါများ စမ်းသပ်စစ်ဆေးခြင်း၊ မျက်စိနှင့် သွားကျန်းမာရေးစစ်ဆေးပေးခြင်းများ‌ ဆောင်ရွက်၍ လိုအပ်သော ဆေးဝါးကုသမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)