မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာငွေများ လစဉ်ပုံမှန်ထုတ်ပေး

မြစ်သား ဇွန် ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ဇွန်လအတွက် ပင်စင်လစာငွေများကို ဇွန် ၂၂ ရက် နံနက် ၅ နာရီက စတင်၍ ထုတ်ပေးလျက်ရှိရာ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ပင်စင်လစာလာရောက်ထုတ်ယူရာတွင် အခက်အခဲမရှိ လွယ်ကူ အဆင်ပြေစွာထုတ်ယူနိုင်ရန် အတွက်ဘဏ်ဝန်ထမ်းများက စီစဥ်ဆောင်ရွက်ပေးလျက်ရှိသည်။

မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်စားဝန်ထမ်းများကို လစဉ် ၂ ရက်နေ့မှ ၂ ရက်နေ့အထိ‌  အငြိမ်းစားများအား နံနက် ၅ နာရီမှ စတင်ထုတ်‌ပေးမည်ဖြစ်ပြီး ကျန်ရက်များတွင် နိုင်ငံ့ဝန်ထမ်းလစာထုတ်ပေးသည့်‌နေ့အထိ နံနက် ၆ နာရီမှစ၍ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယနေ့နံနက်ပိုင်းဘဏ်ဖွင့်ချိန်တွင် တုံကင်ထပ်စနစ်ဖြင့်သတ်မှတ်၍ ထုတ်ပေးလျက် ရှိပြီး အငြိမ်းစားပင်စင်စားများ လာရောက်ထုတ်ယူလျက်ရှိကြောင်း၊ ပင်စင်လစာငွေများ ထုတ်ယူရာတွင် ပင်စင်စားဝန်ထမ်းများအနေဖြင့် ကိုယ်တိုင်သော် လည်းကောင်း အကြောင်း အမျိုးမျိုး‌ကြောင့်ကိုယ်တိုင် လာရောက်ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့် ၎င်းတို့မိသားစုဝင်တစ်ဦးမှ  ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားလာ‌ရောက်ထုတ်ယူလျက်ရှိ‌ကြောင်း မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဝါဝါမြင့် (မြစ်သား)