ကျွန်းစု ဇွန် ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြန်မာ့အမျိုးသမီးများနေ့ အထိမ်းအမှတ် အခြေခံပညာအလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ဇွန်လ ၂၂ ရက်နေ့ နံနက် ၁၀ နာရီက အခြေခံပညာဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးရုံး၌ ကျင်းပခဲ့သည်။
ပြိုင်ပွဲတွင် “မြန်မာ့အမျိုးသမီးများနေ့မှသည် တန်းတူညီမျှသော အနာဂတ်ဆီသို့”နှင့် “နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် မြန်မာ့အမျိုးသမီးများ၏ စွမ်းဆောင်ရည်” ခေါင်းစဉ်များဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးမှ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲသို့ အထက်တန်းအဆင့် ၂၂ ဦး၊ အလယ်တန်းအဆင့် ၃၃ ဦး စုစုပေါင်း ၅၅ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး မြို့နယ်ပညာရေးမှူး ဒေါ်နုနုလွင်နှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးခဲ့ ကြကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)