ကျောက်ဆည်မြို့နယ်၌ အိမ်တွင်းလျှပ်စစ်ပစ္စည်းများ ပြုပြင်ထိန်းသိမ်းခြင်း၊ ရွှေ့လျားကာလတို သင်တန်းဆင်းပွဲ ကျင်းပ

ကျောက်ဆည် ဇွန် ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အရှေ့ငယ်တိုးစံပြကျေးရွာ၊ ရွာဦးဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်)မှ ဖွင့်လှစ်ခဲ့သောအိမ်တွင်းလျှပ်စစ်ပစ္စည်းများ ပြုပြင်ထိန်းသိမ်းခြင်း၊ ရွှေ့လျားကာလတို သင်တန်းဆင်းပွဲအခမ်းအနားကို ဇွန် ၂၀ ရက်နေ့ နံနက် ၁၁ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးစိုးထွန်း၊ အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်)မှ ကျောင်းအုပ်ကြီး ဒေါက်တာဇာနည်ထွန်းနှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူ ၂၅ ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြေင်း သိရသည်။

အိမ်တွင်းလျှပ်စစ်ပစ္စည်းများ ပြုပြင်ထိန်းသိမ်းခြင်းသင်တန်း ဖွင့်လှစ်ပေးခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိခြင်း၊ မိသားစုအပိုဝင်ငွေ တိုးပွားရှာဖွေနိုင်ခြင်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌များစွာ အထောက်အကူရရှိနိုင်ကြောင်း အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်)ကျောင်းအုပ်ကြီးထံမှ သိရသည်။

သက်မောင်(ကျောက်ဆည်)