ညောင်ဦးမြို့ ကိုဇေ Cozy Bagan Hotel မှ ကျောင်းသား၊ ကျောင်းသူ ၉၄၆ ဦးတို့အား သင်ထောက်ကူပစ္စည်းများပေးအပ်

ညောင်ဦး ဇွန် ၂၂

မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ပုဂံမြို့ဟောင်း၊ပုဂံမြို့သစ်တို့မှ အခြေခံပညာကျောင်းများသို့တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများအား ဇွန် ၂၀ ရက်နံနက် ၁၀ နာရီခွဲက သင်ထောက်ကူပစ္စည်းများပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် အခြေခံပညာ ကျောင်းအချို့တွင်တက်ရောက်လျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများတစ်ထောင့် တစ်နေရာမှ အဆင်ပြေစွာအသုံးပြုနိုင်ရန် ကျောင်းသုံးဗလာစာအုပ်၊ဘောပင်၊ပေတံ၊ခဲတံနှင့် ကွန်ပါဘူးများအား ညောင်ဦးမြို့ ဇေတဝန်ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ ကျောင်းသား၊ ကျောင်းသူ(၇၅၀)ဦး၊ ပုဂံမြိုဟောင်း ရွှေချမ်းသာဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသားကိုရင်ငယ်(၃၆)ပါး၊ ပုဂံမြို့ဟောင်းအတွင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၀၀)ဦး၊ ပုဂံမြို့သစ်မှ ကျောင်းသား၊ ကျောင်းသူ(၆၀)ဦး၊ စုစုပေါင်း (၉၄၆) ဦးတို့အား သင်ထောက်ကူပစ္စည်းများ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း