ချမ်းအေးသာစံ ဇွန် ၂၂
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ မြန်မာနိုင်ငံဝူရှူးအဖွဲ့တို့ပူးပေါင်းကျင်းပသော ၂၀၂၆ ခုနှစ်၊ အိုလံပစ်နေ့အထိမ်းအမှတ် ဝူရှူး(ထောက်လု) ဖိတ်ခေါ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ချမ်းအေးသာစံမြို့နယ် ဗထူးမိုးလုံလေလုံအားကစားရုံ၌ ယနေ့ဇွန် ၂၁ ရက်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အစီအစဥ်အရ ပြိုင်ပွဲဝင်အသင်းများမှ ဗိုလ်လုပွဲစဥ်အဖြစ် ယှဥ်ပြိုင်ကစားခဲ့ကြပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများက ဝူရှူး(ထောက်လု) ဖိတ်ခေါ်ပြိုင်ပွဲအသီးသီးတွင် ထူးချွန်ရရှိခဲ့သော အမျိုးသား၊ အမျိုးသမီးများအား ဆုတံဆိပ်များ၊ ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ ၂၀၂၆ ခုနှစ်၊ အိုလံပစ်နေ့အထိမ်းအမှတ် ဝူရှူး(ထောက်လု) ဖိတ်ခေါ်ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ ပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူနည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)