ကော့သောင်း ဇွန် ၂၂
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကော့သောင်းမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများမှ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် အသက် (၁၀) နှစ်ပြည့်ပြီး ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းကို ကော့သောင်းမြို့နယ်၊ မပုတေးကျေးရွာ၊ အ.လ.က(ခွဲ)မပုတေး စာသင်ကျောင်း၌ ဇွန်လ (၂၀)ရက်နေ့မှ (၂၁) ရက်နေ့ထိ ကွင်းဆင်းဆောင်ရွက်ခဲ့ကြပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် အသက်(၁၈)နှစ်ပြည့်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်မရရှိသေးသူများအား ဆောင်ရွက်ပေးခြင်း၊အသက် (၁၈) နှစ်ပြည့် မှတ်ပုံတင်လဲလှယ်ခြင်း၊ ဟောင်းနွမ်းပျက်စီး မှတ်ပုံတင်ခြင်းများကို အသစ်လဲလှယ်ပြုလုပ်ပေးခြင်း၊ အသက် (၁၀) နှစ်နှင့်အထက် မှတ်ပုံတင်အသစ်ပြုလုပ်ပေးခြင်း၊ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူ၍ UIDကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းများကို ဧပြီ၂၀ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့ထိ မြို့နယ်ဦးစီးမှူးရုံးတွင် ဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းဖွင့်ကာလတွင် စာသင်ကျောင်းများသို့ သတ်မှတ်အချိန်ဇယားများအလိုက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)