ဟိုပင် ဇွန် ၂၂
၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ရောက်ရှိနေသော ကျောင်းနေအရွယ်ကလေးများအား သတ်မှတ်ထားသည့်အသက်အရွယ်အရသတ်မှတ်ထားသည့် အတန်းများ၀င်ရောက်ပညာသင်ယူနိုင်ရေးအတွက် အထူးအစီအစဉ်အနေဖြင့် Placement Test စာမေးပွဲကို တစ်နိုင်ငံလုံးတွင်တစ်ပြိုင်နက် ဇွန် (၁၅) ရက်မှ (၂၀) ရက်အထိ ကျင်းပပြုလုပ်ရာ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့၊ အ.ထ.က (ဟိုပင်) စာစစ်ဌာနတွင် ကျောင်းသား/ကျောင်းသူ (၃၆၅) ဦး ဖြေဆိုခဲ့ကြောင်း သိရသည်။
အဆိုပါ စာမေးပွဲဖြေဆိုသည့် ကျောင်းသား/သူများအား မြို့အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးအောင်နှင့် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့အမျိုးသမီးရေးရာအဖွဲ့ဝင်များမှ ပေါင်မုန့်နှင့် ဖျော်ရည်များ ပေးဝေခဲ့ကြောင်း သိရသည်။
လင်းသွယ်ဦး