ချမ်းမြသာစည် ဇွန် ၂၂
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၌ ကလေးသူငယ်အခွင့်အရေး များဆိုင်ရာ လုပ်ငန်းကော်မတီအား ၉ ဦးဖြင့် ဖွဲ့စည်းထားပြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ဦးစွာ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီအဖွဲ့ အတွင်းရေးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်ဦးက ပြီးခဲ့သည့်ကာလအတွင်း ကလေးသူငယ်အခွင့် အရေးများနှင့် စပ်လျဉ်း၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ ကလေးသူငယ် စောင့်ရှောက်ရေးနှင့် ကာကွယ်ရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်နိုင်ခဲ့မှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။ ထို့နောက်အစည်းအဝေးသို့ တက်ရောက်လာသော လုပ်ငန်းကော်မတီအဖွဲ့ဝင်များက ကဏ္ဍအသီးသီးအလိုက် မေးမြန်းဆွေးနွေးရာ ကော်မတီအဖွဲ့အတွင်းရေးမှူးက ပြန်လည်ဆွေးနွေးပေးခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ကော်မတီအဖွဲ့အတွင်းရေးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်ဦး၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဆွေဝင်း၊ ကော်မတီအဖွဲ့ဝင် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။
အလင်းသစ် (ပြန်/ဆက်)