ကော့သောင်း ဇွန် ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက လူငယ်ရေးရာ အသိပညာပေး ဟောပြော ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဇွန်လ(၁၉) ရက်နေ့ မွန်းလွဲပိုင်းက အထက(ဇာဒက်ကြီး) ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်ဆန်းဝင်းက "မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာများ၊ နေ့ထူးနေ့မြတ်များအကြောင်း၊ Social Media အကျိုးရှိစွာအသုံးချမှုနှင့် လူငယ်များ သိသင့်သိထိုက်သည့် ဗဟုသုတရဖွယ် အကြောင်းအရာများအား အသိပညာပေး ဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား" မူးယစ်ဆေးဝါးအဓိပ္ပာယ်၊ မူးယစ်ဆေးဝါး အဓိကအုပ်စုကြီး (၃)ခု၊ အန္တရာယ်ဖြစ်စေနိုင်သော မူးယစ်ဆေးဝါးအမျိုးအစားများ၊ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် သုံးစွဲခြင်း၏ ဆိုးကျိုးများ၊ ဆေးခြောက်ပင်နှင့် သုံးစွဲခြင်း၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးဆိုင်ရာ ဆိုးကျိုးများနှင့် လူမှုရေးဆိုင်ရာထိခိုက်မှုများအကြောင်း "စသည့် အကြောင်းအရာများ ပါဝင်သည့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)