ကျောက်ဆည် ဇွန် ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ယမန်နေ့ နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း သုံးထပ်ဆောင်ခန်းမတွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲ၌ "စွမ်းရည်မြင့်မားမြန်မာအမျိုးသမီးများ"ခေါင်းစဉ်နှင့် ကျင်းပပြုလုပ်ရာ အလယ်တန်းအဆင့် ကျောင်းသား/သူ(၃၉)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းနှင့် ပြိုင်ပွဲတွင်ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဇူလိုင် ၃ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားတွင် ဆုများ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)