အသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ပြိုင်ပွဲများကျင်းပ

ပုသိမ်ကြီး ဇွန် ၂၂

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယနေ့နံနက် ၁၀ နာရီက ကျောင်းသားလူငယ်များ၊ အသိပညာ ဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ပြိုင်ပွဲများကို ကျင်းပလျက်ရှိသည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းကအမှတ် (၂၄) အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ‌‌များအား မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေးအကြောင်းတို့အား အကျယ် တဝင့် ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် စာအုပ်စာစောင်နှင့် နံရံကပ်ပိုစတာများကို ကျောင်းသား၊ ကျောင်းသူများ လေ့လာမှတ်သား ကြည့်ရှုကြသည်။

ဆက်လက်၍  ပုံပြော၊ ကဗျာရွတ်၊ ကျပန်း၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စာဖတ်ဝိုင်း၊ စာစီစာကုံး၊ ပန်းချီ ပြိုင်ပွဲတို့အား ကျင်းပခဲ့ရာ ကျောင်းသားကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ခဲ့ကြောင်း သိရသည်။
ရွှေရန်ကင်း