မဟာအောင်မြေ ဇွန် ၂၃
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ၂၀၂၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက အခြေခံပညာကျောင်းများသို့ သွားရောက်၍ (အခမဲ့) ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
အဆိုပါ လက်ကမ်းစာစောင်ဖြန့်ဝေမှုအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိနှင့်ဝန်ထမ်းများက ၂၀၂၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်း အမှတ် လက်ကမ်းစာစောင်များထဲတွင် ပါဝင်သည့် မူးယစ်ဆေးဝါးဆိုတာ ဦးနှောက်နှင့် အာရုံကြောကို ထိခိုက်ထုံထိုင်းစေခြင်း၊ ကိုယ်ခန္ဓာကို တစ်နည်းနည်းဖြင့် ဘေးအန္တရာယ်ဖြစ်စေခြင်း၊ သုံးစွဲသူသည် ဆေးဝါးအပေါ် စိတ်ရောကိုယ်ပါ စွဲလမ်းမှုဖြစ်ပေါ်စေခြင်း၊ ဆက်လက်မသုံးစွဲဘဲ မနေနိုင်အောင် ဖန်တီထားသည့် ဆေးဝါးများကို ခေါ်ဆိုကြောင်း၊ မူးယစ်ဆေးဝါးအုပ်စု ငါးမျိုး၊ တန်ဖိုးရှိလှ လူငယ်ဘဝ မူးယစ်ကင်းစင် ကျန်းမာမှ၊ ဝိုင်းဝန်ကာကွယ်မူးယစ်ဆေးဝါးအန္တရာယ် ကဗျာများ စသည့်အကြောင်းအရာများပါဝင်သည့် လက်ကမ်းစာစောင်များကို (အခမဲ့) ဖြန့်ဝေခဲ့သည်။
အောင်ဇော်မင်း