ကော့သောင်း ဇွန် ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကော့သောင်းခရိုင် ပြည်သူ့ဆေးရုံမှ မျက်စိအထူးကုဆရာ၀န်နှင့် ကျန်းမာရေး၀န်ထမ်းများသည် ကျောင်းသား/ သူများအား ကျောင်းအခြေပြုပဏာမမျက်စိစစ်ဆေးခြင်း ဆရာဖြစ်သင်တန်းကို ယမန်နေ့က ကော့သောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းခွဲ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ မဟော်ဂနီခန်းမတွင် ဆောင်ရွက်သည်။
အဆိုပါ သင်တန်းတွင် ကော့သောင်းခရိုင် ပြည်သူ့ဆေးရုံမှ မျက်စိအထူးကုဆရာ၀န်နှင့် ကျန်းမာရေး၀န်ထမ်းများမှ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများအား ကော့သောင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများအား ကျောင်းအခြေပြု ပဏာမမျက်စိစစ်ဆေးခြင်းဆိုင်ရာများ သင်ကြားပို့ချပေးပြီး ကျောင်းအခြေပြု ပဏာမမျက်စိစမ်းသပ်စစ်ဆေးခြင်းနှင့် မျက်စိစမ်းသပ်နည်း သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)