ရမည်းသင်းမြို့နယ်၌ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များအကြို အခြေခံမီးသတ်ပညာသင်တန်း အမှတ်စဉ်(၁/၂၀၂၆) သင်တန်းဖွင့်ပွဲ အခမ်းအ နားကျင်းပ

ရမည်းသင်း  ဇွန်  ၂၃

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၌ သီးသန့် မီးသတ်တပ်ဖွဲ့ဝင်များအကြို အခြေခံမီးသတ်ပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၂၂ ရက် နံနက် ၉နာရီက အမှတ်(၈) အထည်စက်ရုံခွဲ၌ ကျင်းပသည်။

အဆိုပါ သင်းတန်းဖွင့်ပွဲအခမ်းအနားတွင် ရမည်းသင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥကဋ္ဌ ဦးမောင်ရွှေသိန်းက အဖွင့်အမှာစကားပြောကြားပြီး၊ ရမည်းသင်းခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မျိုးက အခြေခံမီးသတ်ပညာသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

 ထို့နောက် ရမည်းသင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်ရွှေသိန်း၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်မျိုးနှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ အမှတ်(၈)အထည်စက်ရုံခွဲမှ စက်ရုံမှူး ဗိုလ်မှူးမြတ်ဌေးနှင့် သင်တန်းသူ၊ သင်တန်းသားများ၊ ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများ စုစုပေါင်း ၆၀ ဦးတတ်ရောက်ခဲ့ပြီး ခရိုင်မီးသတ်​ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက  တက်ရောက်လာသည့် သင်တန်းသူ၊ သင်တန်းသားများအား လက်တွေ့လေ့ကျင့်သင်ကြားပေးခဲ့ကြောင်းသိရသည်။

ဟိန်းပြည့်ဇော် ခရိုင်(ပြန်/ဆက်)