ရမည်းသင်း ဇွန် ၂၃
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြိုနယ်၌ ၂၀၂၆ခု နှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေပေးမှုကို ဇွန်လ ၂၂ရက် နံနက် ၇ နာရီခွဲက မြို့မ (အထက) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ ရမည်းသင်းခရိုင် မြို့မစျေးအတွင်းရှိ စျေးဝယ်လာကြသော ပြည်သူ၊ ပြည်သားများ စသည့်နေရာများ၌ ဖြန့်ဝေခဲ့သည်။
အဆိုပါလက်ကမ်းစာစောင်ထဲတွင် ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူ၊ ပြည်သားများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ ကျောင်းသားလူငယ်များလိုက်နာရမည့်အချက်များ၊ ဝိုင်းဝန်းကာကွယ် မူးယစ်ဆေးဝါးအန္တရာယ်၊ အဆိုးကျော့စက်ဝန်းအဆုံးသတ်ဖို့ အုပ်စုဖွဲ့ မှုခင်းတိုက်ဖျက်စို့၊ မူးယစ်ဆေးဝါးဆိုသည်မှာ၊ မီးရှို့ဖျက်စီး၊ မူးယစ်ဆေးဝါးအုပ်စု ၅ မျိူး၊ တန်ဖိုးရှိလှ လူငယ်ဘဝ မူးယစ်ကင်းစင်ကျန်းမာမှ ကဗျာ၊ ကာတွန့်ပုံ၊ ကမ္ဘာ့ပြဿနာ မူးယစ်ဆေးတစ်ကမ္ဘာလုံးက တိုက်ဖျက်ပေးဆောင်ပုဒ်နှင့် အနာဂတ်များပွင့်လန်းဖို့ မူးယစ်အန္တရာယ်ကာကွယ်စို့ ဆောင်ပုဒ် စသည့်အကြောင်းအရာများ ထည့်သွင်းရေးသားဖော်ပြထားကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများနှင့်ပြည်သူများထံ စာစောင်ရေ (၅၀၀)အား အခမဲ့ ဖြန့်ဝေခဲ့ကြောင်းသိရသည်။
ဟိန်းပြည့်ဇော်(ရမည်းသင်း)