ဟားခါး ဇွန် ၂၃
နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ပေးအပ်ပွဲအခမ်းအနားကို ဇွန် ၂၂ ရက်နေ့မွန်းလွဲ ၂ နာရီက ဟားခါးမြို့၊ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း၊ ဗိုလ်တိုက်ချွန်းခန်းမ၌ကျင်းပရာ ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးစိန်ထွန်းလှက အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ချင်းပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးရဲနောင်ကလုပ်ငန်းဆိုင်ရာများ ရှင်းလင်းတင်ပြပြီး အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီး ဦးဟိုင်ဆန်းက ကျေးဇူးတင်စကားပြောကြားသည်။
ယင်းနောက် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစိန်ထွန်းလှက နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID များကို ကျောင်းသား/သူများအားပေးအပ်ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ ညွှန်ကြားရေးမှူး၊ ဦးကျော်နိုင်၊ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ဒေါက်တာချမ်းငြိမ်းမောင်၊ ပြည်သူ့လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးရဲနောင်၊ ပြည်နယ်ပညာရေးမှူး ဦးရွှေလိန်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကျောင်းသား/ သူ စုစုပေါင်း (၂၈၆) ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID များကို ပေးအပ်ခဲ့ကြသည်။
အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID များ ထုတ်ပေးခြင်းကို ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး အသက် (၁၀) နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ပြုလုပ်နိုင်ရေးအတွက် သွေးအမျိုးအစား စစ်ဆေးပေးခြင်းကို ပြည်နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနက ဆောင်ရွက်ပေးကြောင်းသိရသည်။
ပြည်နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့် ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနတို့ပူးပေါင်း၍ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ပြုလုပ်နိုင်ရေးအတွက် သွေးအမျိုးအစားများစစ်ဆေးပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ထုတ်ပေးခြင်းလုပ်ငန်းများကို ရက် (၁၀၀) စီမံချက်ဖြင့် ဟားခါးမြို့ပေါ်ရှိ အခြေခံပညာကျောင်း များနှင့် ကိုယ်ပိုင်ကျောင်းများတွင်လည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)