မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌  ဟောပြောပွဲများ၊ ပြပွဲများကျင်းပ

မန္တလေး ဇွန် ၂

မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ်အမျိုးသမီး‌ရေးရာ အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်က‌လေးစောင့်‌ရှောက်ရေးအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲများ၊ ပြပွဲများ ကျင်းပခဲ့သည်။

ရှေးဦးစွာ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။  ယင်းနောက် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ အိမ်တွင်းအကြမ်းဖက်မူ တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ အိမ်တွင်းဝင်ငွေတိုး အသိပညာပေးဟောပြောပွဲ၊ ကျန်းမာလှပအမျိုးသမီးဘဝအသိပညာ‌ပေး‌ ဟောပြောပွဲများကို မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စောလွင်က ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များနှင့် ဟောပြောဆွေးနွေးခဲ့သည်။

ထို့နောက် မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသ စာအုပ်စာစောင်များ၊ အသိပညာပေး နံရံကပ်စာစောင်များအား အမျိုးသမီးရေးရာအဖွဲ့ဝင်များက ဖတ်ရှုလေ့လာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)