တနိုင်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအား ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

တနိုင်း ဇွန် ၂၃

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် (၂၂.၆.၂၀၂၆)ရက်နေ့ နံနက် ၈ နာရီခွဲက တနိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ တနိုင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအား ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ (မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးအောင်စိုးမှ အဖွင့်အမှာစကားပြောကြားပြီး တနိုင်းမြို့နယ်ဥပဒေအရာရှိ ဦးဇင်မင်းထက်မှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တနိုင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမှ သင်တန်းစာစောင်များကို ပေးအပ်ခဲ့ပြီး သင်တန်းသားအားလုံး၏ကိုယ်စား သင်တန်းသားတစ်ဦးမှ လက်ခံရယူခဲ့သည်။ သင်တန်းကာလမှာ (၂၂.၆.၂၀၂၆)ရက်နေ့မှ (၂၆.၆.၂၀၂၆)ရက်နေ့အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး သင်တန်းနည်းပြအဖြစ် တနိုင်းမြို့နယ်ဥပဒေအရာရှိ ဦးဇင်မင်းထက်မှ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ တနိုင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တနိုင်း(ပြန်/ဆက်)